အပြာကားကြည့်နေတဲ့အချိန် မှာ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ဘာတွေဖြစ်နေလဲ

မြန်မာနိုင်ငံမှာ ပထမဆုံး အပြာကားထွက်တာ သိပြီးပြီလား။ခရမ်းပြာဆိုလား ဘာဆိုလား။ လောလောဆယ်တော့ မြန်မာနိုင်ငံမှာ အဆန်းတကြယ်ပေါ့ကွယ်။ တစ်ခါမှာမှ မထွက်ဖူးတာဆိုတော့။ မြန်မာတွေ မဟုတ်လည်း တခြားနိုင်ငံခြားက ထုတ်တဲ့ အပြာကား အသီးသီး ကြည့်ဖူးကြမှာပါ။ မလိမ်ပါနဲ့။ ဒါ လူတိုင်းကြည့်ပါတယ်။

အဲ့တော့ ကြည့်တာ မကြည့်တာ အသာထား။ စစ်တမ်းကောက်နေတာမှမဟုတ်ဘဲရယ်။

ဒါပေမယ့် ကြည့်နေတဲ့အချိန်အတွင်းမှာ ကိုယ့်ခန္ဓာကိုယ်ထဲမှာ ဘာတွေ ပြောင်းလဲနေတယ်ဆိုတာကိုတော့ ဗဟုသုတရအောင် လေ့လာကြည့်ကြတာပေါ့။

(၁) ဦးနှောက်သာမက တစ်ကိုယ်လုံးက သွေးကြောလေးတွေက အနည်းငယ်ပိုပြီး ကျယ်လာပါတယ်။ (အေ့ပေါ့ စိတ်ဝင်စားနေတာကိုး )

ဒါဟာ ဦးနှောက်ကနေ ဒိုပါမင်းလို့ခေါ်တဲ့ ဟော်မုန်းထွက်လာလို့ပါ။ အဲ့ဟော်မုန်းက စိတ်ဓာတ်တက်ကြွစေပါတယ်။ ပျော်ရွှင်စေတဲ့ ဟော်မုန်းရယ်လို့လည်း နာမည်ကြီးပြီးသားပါ။ ဆိုတော့ကာ အဲ့ဟော်မုန်းတွေ ထွက်နေတော့ ကြည့်ရတာ စိတ်ပါလက်ပါဖြစ်လာပါတယ်။

နောက်တစ်ဖန်ထပ်ကြည့်ဖို့စိတ်လည်း ဖြစ်လာပါတယ်။ စွဲသွားတာမဟုတ်ပေမယ့်လို့ ထပ်မကြည့်ဘဲတော့ မနေနိုင်ပါဘူး။

(၂)ပုံမှန်ချိန်ထက် နှလုံးခုန်နှုန်း နည်းနည်းပိုမြန်ပါမယ်။ များသောအားဖြင့် အပြာကားစကြည့်တဲ့သူတွေက ခပ်ကြမ်းကြမ်းကားတွေကို ကြည့်ကြတယ်လို့ဆိုပါတယ်။ အဲ့လိုကြည့်တော့ အသက်ရှုတာတွေလည်း စိပ်လာတာပေါ့။ :v

(၃) ယောက်ျားလေးတွေ အနေနဲ့ အပြာကားကြည့်ရှုတာ များမယ်ဆိုရင် အချစ်ရေးမှာ အဆင်မပြေဖြစ်နိုင်ပါတယ်။ ရုပ်ရှင်ထဲကလို ဖြစ်မလာတဲ့အခါ ကိုယ်က apyar တစ်ဦးလောက် ဆွဲဆောင်မှုမရှိဘူးရယ်လို့လည်း ထင်မြင်လာတတ်ကြပါတယ်။ ဦးနှောက်ကလည်း ဒီလိုဖြစ်စေဖို့ တွန်းအားပေးနေပါတယ်။

(၄)အပြာကားအကြည့်များရင် မှတ်ဉာဏ်လျော့နည်းလာပါတယ်။ sex ပုံရိပ်တွေပဲ မြင်ယောင်နေချိန်များလို့ သာမန် memory recall လို့ခေါ်တဲ့ ပြန်လည်စဉ်းစားယူရတဲ့အခါမျိုးမှာ ဦးနှောက်က ထင်သလောက် မမှတ်မိတော့ပါဘူး။

(၅)ဦးနှောက်ရဲ့ striatum area က စိတ်လှုပ်ရှားတက်ကြွမှုနဲ့ ပြန်လည်တုံ့ပြန်မှုကို လုပ်ဆောင်ပေးပါတယ်။ အပြာကားကြည့်နေစဉ်မှာ ဒီ area လေးက နည်းနည်းကျုံ့သွားပါတယ်။ အဲ့ဒီတော့ စိတ်လက်သိပ်မကြည်သာဘဲ ပတ်ဝန်းကျင်နဲ့ reply နှေးသွားတဲ့သဘောမျိုးဖြစ်စေပါတယ်။ နံပါတ် 1) မှာ ပြောတော့ စိတ်ဓာတ်တက်ကြွတယ်ဆို။ ဟုတ်ပါတယ်။ စိတ်ဓာတ်တက်ကြွတာက ကြည့်နေတုန်းမှာပါ။ ကြည့်ပြီးသွားရင်တော့ နံပါတ် 5) ကလို အပြင်လောကနဲ့ နည်းနည်းတော့ ဆက်ဆံရေးကျဲသွားစေလိမ့်မယ်။

ကဲ…. ဒီလောက်ဆို ဘာတွေ ဖြစ်သွားလဲတော့ သိရပြီနော်။ ခန္ဓာကိုယ်မှာ ပြောင်းလဲတာ အများစုကလည်း ဦးနှောက်က စဖြစ်တယ်ဆိုတာ သတိထားမိလောက်ပါပြီ။ ကြည့်တာ ကောင်းတယ် မကောင်းဘူးတော့ ပြောလို့မရဘူးလေ။ ချိန်ပြီး ကြည့်ကြပေါ့။

တစ်ခုရှိသေးတယ်။ ယောကျာ်းသားတွေက မိန်းမသားတွေထက် အပြာကားကြည့်ရှုနှုန်း များတယ်ဆိုပေမယ့် မိုဘိုင်းဖုန်းနဲ့ အပြာကား ကြည့်ရှုနှုန်းကျတော့ မိန်းမသားတွေက ပိုများနေလေရဲ့။

credit to original writer