စမောလင်းကို အပြီးသတ်ရောင်းချပြီး ကူလီဘလီကို ခေါ်ယူမယ့် ယူနိုက်တက်

စမောလင်း နဲ့ ရိုဟိုတို့ကတော့ အငှားထွက်ကစားနေရပြီး အပြီးသတ်ရောင်းချခံရဖွယ်ရှိနေကာ ဖီးလ်ဂျုံးစ်အတွက် ကမ်းလှမ်းမှုတွေကိုလည်း ယူနိုက်တက်ဘက်က နားစွင့်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နာပိုလီနောက်ခံလူကူလီဘလီကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် စမောလင်းကို ရိုးမားဆီအငှားချထားရာကနေ အပြီးသတ်ရောင်းချသွားမယ်လို့ သိရပါတယ်။ အငှားကစားသမားဘဝမှာ စမောလင်းက ရိုးမားအတွက် ခြေစွမ်းပြသနေပြီး ရိုးမားကလည်း အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိနေခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ အာဆင်နယ်ကလည်း စမောလင်းကို ခေါ်ယူချင်နေပြီး ယူနိုက်တက်က ယူရို ၂၅သန်းရရှိမယ်ဆိုပါက ရောင်းချသွားမယ်လို့ သိရပါတယ်။ La Gazzetta dello Sport ကတော့ ဆိုးလ်ရှားဟာ ကူလီဘလီကို ခေါ်ယူဖို့ မျှော်လင့်နေတယ်လို့ ဖော်ပြခဲ့ပြီး နာပိုလီနောက်ခံလူအတွက် ပေါင်သန်း ၉ဝအထိ သုံးစွဲရဖွယ်တော့ရှိနေပါတယ်။

ဆိုးလ်ရှားက ဗဟိုခံစစ်ပိုင်းမှာ မက်ဂွိုင်းယားနဲ့ ကူလီဘလီကို တွဲဖက်ပေးဖို့ ဆန္ဒရှိနေတာလည်းဖြစ်ပါတယ်။ မက်ဂွိုင်းယားဟာ လက်စတာကနေ ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခံရတဲ့အထိ အရေးပါလာခဲ့ပြီး လင်ဒီလော့ဖ်၊ ဘိုင်ယီတို့နဲ့ တွဲဖက်ကစားနေခဲ့ရပါတယ်။

လက်ရှိယူနိုက်တက်ရဲ့ ဗဟိုခံစစ်ပိုင်းမှာ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဘိုင်ယီတို့ရှိနေပြီး အရန်အဖြစ် တွန်ဇီဘီ၊ ဖီးလ်ဂျုံးစ်တို့ ရှိနေကြပါတယ်။ စမောလင်း နဲ့ ရိုဟိုတို့ကတော့ အငှားထွက်ကစားနေရပြီး အပြီးသတ်ရောင်းချခံရဖွယ်ရှိနေကာ ဖီးလ်ဂျုံးစ်အတွက် ကမ်းလှမ်းမှုတွေကိုလည်း ယူနိုက်တက်ဘက်က နားစွင့်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် ကူလီဘလီကို ပြန်လည်ခေါ်ယူဖို့ ဆိုးလ်ရှားက ပစ်မှတ်ထားနေတာဖြစ်ပြီး လာမယ့်ရာသီမှာ ယူနိုက်တက်ခံစစ်ပိုင်းကို အပြောင်းအလဲတွေနဲ့ မြင်တွေ့ရဖွယ်လည်းရှိနေပါတယ်။ စမောလင်း၊ ဖီးလ်ဂျုံးစ်နဲ့ ရိုဟိုတို့ ရောင်းချခံရဖွယ်ရှိကာ ကူလီဘလီကို ကစားသမားအဝင်အဖြစ် မြင်တွေ့ရနိုင်တာလည်းဖြစ်ပါတယ်။