တစ်သက်တာအမှတ်ပေးဇယားအရ အင်္ဂလန်ရဲ့နံပါတ်တစ်အသင်းအဖြစ် လီဗာပူးရပ်တည်

လက်ရှိပရီးမီးယားလိဂ်၊ တချိန်က အင်္ဂလန်ပထမတန်းလိဂ်စသည်ဖြင့် အင်္ဂလန်ဘောလုံးလောကရဲ့ ထိပ်ဆုံးလိဂ်မှာ ကစားဖူးတဲ့အသင်းတွေကို နိုင်ပွဲရမှတ်အလိုက် အဆင့်စီခဲ့ပါတယ်။ ပထမတန်းလိဂ်ကိုရောက်ဖူးပြီး တစ်ပွဲပဲကန်ခဲ့တာနဲ့ တွက်ချက်ပေးထားတဲ့အဆိုပါ အမှတ်ပေးဇယားအရ အင်္ဂလန်ရဲ့အအောင်မြင်ဆုံးအသင်းထွက်ပေါ်လာပြီး လက်ရှိအမှတ်ပေးဇယားထိပ်က လီဗာပူးဖြစ်နေပါတယ်။

အခုတစ်ခေါက်တွက်ချက်ပုံက နှစ်ပေါင်း (၁၃၁)နှစ်ရှိခဲ့ပြီဖြစ်တဲ့ အမှတ်ပေးလိဂ်ရဲ့ ပွဲစဉ်တွေကို နိုင်-ရှုံး-သရေနဲ့ပဲ အမှတ်တွက်တာပါ။ ဥပမာ ပထမဖြစ်ခဲ့တဲ့ လီဗာပူးဟာ ပထမတန်းလိဂ်ပွဲပေါင်း (၄၁၆၃)ပွဲကို ကစားဖူးပြီး၊ (၁၉၆၃)ပွဲနိုင် (၁၀၃၂)ပွဲသရေ၊ (၁၁၆၈)ပွဲရှုံး ရမှတ်စုစုပေါင်း (၆၉၂၁)မှတ်နဲ့ တစ်သက်တာအမှတ်ပေးဇယားအရ အများဆုံးပါ။ ဂိုးပေါင်း (၆၉၃၄)ဂိုးသွင်းပြီး၊ (၅၀၂၃)ဂိုးပြန်ပေးထားရပါတယ်။

သူ့နောက်မှာတော့ အာဆင်နယ်- အဲဗာတန်- မန်ယူ- အက်စတွန်ဗီလာ- မန်စီးတီး-စပါး-ချဲလ်ဆီး-နယူးကာဆယ်-ဆန်းဒါးလန်းတို့က ထိပ်ဆုံး (၁၀)သင်းအနေနဲ့ အစဉ်လိုက်ရှိနေပါတယ်။ အဲဒီထဲမှာမှ တန်းမဆင်းဖူးတဲ့အသင်းအဖြစ် အာဆင်နယ်နဲ့ အဲဗာတန်ပါဝင်ပြီး၊ ကျန်တဲ့အသင်းတွေကတော့ ပထမတန်းလိဂ်ကနေ သွေဖယ်ဖူးပါတယ်။

ပထမတန်းလိဂ်မှာကစားဖူးတဲ့ အသင်းပေါင်း (၆၅)သင်းရှိပြီး၊ ဂလော့ဆိုနော့အန်း အသင်းဟာ အမှတ်အနည်းဆုံး (၂၂)မှတ်နဲ့ လိဂ်ပထမတန်းအသင်းတွေထဲမှာရှိနေပါတယ်။ ဒီတွက်ချက်မှုကိုတော့ Worldfootball.net ဆိုတဲ့ ဝက်ဘ်ဆိုက်က တွက်ချက်ပေးထားတာဖြစ်ပြီး၊ အမှတ်ပေးဇယားကို တစ်သက်တာနဲ့တွက်ရင် လီဗာပူးက ပထမဖြစ်နေတာဖြစ်ပါတယ်။ (မှတ်ချက် ကစားပြီးသည့်ပွဲစဉ်များအထိသာ အကြုံးဝင်ပါသည်)။

Credit အားဘောင် (BTSports)