နေ့ညမအိပ်ဘဲ ကိုရိုနာတိုက်ဖျက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လက်မှတ်တစ်သိန်း အင်္ဂလန်ကလပ်တွေလှူရန်စီစဉ်

လက်ရှိအင်္ဂလန်မှာ ကျန်းမာရေးဝန်ထမ်းတွေဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့လုံးဆိုင်ရာက ကျန်းမာရေးဝန်ထမ်းတွေနည်းတူ နေ့ညမအိပ်ဘဲ အလုပ်ကြိုးစားနေကြပါတယ်။ ကိုရိုနာတိုက်ဖျက်ရေးအတွက် သူရဲကောင်းတွေအဖြစ် ရှေ့တန်းထွက်နေတာဖြစ်ပြီး၊ ဝန်ထမ်းတွေဟာ နားချိန်မရှိသလောက်ဖြစ်နေပါတယ်။

ဒီအနေအထားကို မျက်မြင်တွေ့နေရတဲ့ အင်္ဂလန်ဘောလုံးလောကဖက်ကလည်း တတ်နိုင်တဲ့ကဏ္ဍကနေ ပါဝင်ဖို့ အသင်းတချို့ဆုံးဖြတ်လာပြီဖြစ်ပြီး၊ ဘရိုက်တန်နဲ့ ဘုန်းမောက်ကနေ လက်မှတ်လှူတဲ့ အစီအစဉ်စလိုက်ပြီဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေးဌာနက ဝန်ထမ်းတွေကို လက်မှတ်တစ်ထောင်စီ ဘောလုံးပွဲတွေပြန်စရင် လာကြည့်ဖို့ လှူလိုက်တာဖြစ်ပြီး ကနဦးမှာ နှစ်သင်းစတင်လာပြီဖြစ်ပါတယ်။

လက်မှတ်ကို ကျန်းမာရေးဝန်ထမ်းတွေအကုန်လုံးနဲ့ သက်ဆိုင်တဲ့မိသားစုတွေကြည့်ရဖို့အတွက် လက်မှတ်တစ်သိန်းအထိ ပါဝင်ဖို့ ပရီးမီးယားလိဂ်နဲ့ သက်ဆိုင်ရာလိဂ် စကော့တလန်၊ အိုင်ယာလန်၊ ထိပ်သီးလိဂ်တွေမှာကစားနေတဲ့ အသင်းကြီးတွေကလည်းစိတ်ဝင်စားလာပါတယ်။ အနည်းဆုံး(၉၂)သင်းအထိ လျာထားတဲ့လှူဒါန်းမယ့်အသင်းကို အသင်းတိုင်းပါဝင်လာခဲ့ရင် လက်မှတ်စုစုပေါင်း (၁)သိန်းအထိ ကျန်းမာရေးဝန်ထမ်းတိုင်းကို လှူဒါန်းနိုင်မှာပါ။

ဘရိုက်တန်ကတော့ သီးသန့်အနေနဲ့ အသက် (၇၀)အထက် သက်ကြီးရွယ်အိုတွေအထက် လက်မှတ် (၃၀၀၀)ထပ်လှူလိုက်ပါတယ်။ ကိုရိုနာဘရိတ်ပြီးလို့ ဘောလုံးပွဲတွေပြန်စခဲ့ရင် ပရိသတ်တွေဟာ အလကားကြည့်ရမယ့်လက်မှတ်တွေနဲ့ လာကြည့်နိုင်တော့မှာပါ။ လက်ရှိမှာ လက်မှတ် (၁)သိန်းကို ကျန်းမာရေးဝန်ထမ်းတွေအတွက် လှူမယ့် အစီအစဉ်ကို နှစ်သင်းပါဝင်ထားပြီဖြစ်ပြီး၊ သက်ဆိုင်ရာဥက္ကဌတွေကို ဆက်သွယ်နေပြီလို့သိရပါတယ်။

Credit အားဘောင် (BTSports)