မော်ရင်ဟိုကိုထုက်ပယ်ခဲ့တာ မှန်တယ်လို့ ပြောကြားလာတဲ့ ယူနိုက်တက်အကယ်ဒမီကစားသမား

မော်ရင်ဟိုကိုထုက်ပယ်ခဲ့တာ မှန်တယ်လို့ ပြောကြားလာတဲ့ ယူနိုက်တက်အကယ်ဒမီကစားသမား


အသက်(၂၁)နှစ်အရွယ်ကစားသမားလေး ဂျိုရှုအာဟာ ယူနိုက်တက်လူငယ်အသင်းမှာ အထင်ကြီးစရာခြေစွမ်းတွေကို ပြသခဲ့တဲ့ သူတစ်ယောက်ဖြစ်ခဲ့ပေမဲ့ ယူနိုက်တက်အသင်းကြီးမှာ ပွဲထွက်ကစားခွင်တွေမရရှိခဲ့တာကြောင့် ယူနိုက်တက်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ အသင်းမပြောင်းခင်ယူနိုက်တက်ဘက်က စာချုပ်သစ်ချုပ်ဆိုဖို့အတွက် (၂)ကြိမ်တိုင်တိုင်ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။

ဂျိုရှုအာက ” မော်ရင်ဟို ယူနိုက်တက်မှာရှိစဉ်တုန်းက ကျွန်တော့်အတွက်ရောဈ မေဆွန်၊ ချောင်နဲ့ဂိုမတ်တို့အတွက်ပါ အခွင့်အရေးတွေမရှိခဲ့ပါဘူး၊ ဒါပေမဲ့ အိုလီလက်ထက်မှာတော့ ဒါတွေက ပြောင်းလဲ ခဲ့ပါတယ်၊ မော်ရင်ဟိုက ကျွန်တော်ကို ကောင်းကောင်းတောင်မဆက်ဆံခဲ့ပါဘူး၊ သူ့လက်အောက်မှာ ကျွန်တော်ရဲ့ အနာဂတ်က တိုးတက်လာနိုင်တယ်လို့ မမြင်ခဲ့ပါဘူး၊

လေ့ကျင့်ရေးကွင်းမှာတောင်မှာ မော်ရင်ဟိုက ကျွန်တော်ကို ပိုကောင်းလာအောင်ဘာတွေလုပ်ရမလဲဆိုတာ ကျွန်တော့်ကို မပြောခဲ့ပါဘူး၊ တစ်ခါတစ်လေဆိုရင် သူဘာကိုလိုချင်နေတယ်ဆိုတာကို ကျွန်တော်နားတောင်မလည်နိုင်ပါဘူး၊ သူ့ကိုထုက်လိုက်တာက ယူနိုက်တက်တစ်သင်းလုံးအတွက်ပိုပြီးကောင်းလာခဲ့တာပါ၊ ယူနိုက်တက်မှာ ကိုယ်ပိုင်ကစားဟန်ရှိထားပြီးသားပါ ” လို့ပြောကြားသွားခဲ့ပါတယ်။

Credit Nalka