ထိပ်ပြောင်သူများအတွက် အမြန်ဆံပင်ပြန်ပေါက်စေနိုင်တဲ့ သဘာဝအစားအစာ

ထိပ်ပြောင်သူတွေ၊ ဦးခေါင်းဆံပင် ကျဲပါးသူတွေ၊ အလယ်ကွက်ပြောင်သူတွေအတွက် ဓာတုဆေးဝါးတွေ အသုံးပြုမှုကို ရပ်ဆိုင်းထားသင့်ပါတယ်။ အကြောင်းကတော့ လူတွေရဲ့ သွေးသားလည်ပတ်မှုဟာ သဘာဝနဲ့ရှင်သန်ရပ်တည်နေရတာ ဖြစ်ခြင်းကြောင့်၊ သဘာဝကို လွန်ဆန်ရင် ဘေးထွက်ဆိုးကျိုးတွေ ရင်ဆိုင်ရမှာပါ။

အခု သုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်အရ သဘာဝအစားအစာတစ်မျိုးဟာ ဆံပင်အမြန်ပြန်ပေါက်စေနိုင်ကြောင်း ဆိုထားပါတယ်။ ကင်မ်ချီရဲ့ မြင်သာစေတဲ့အဓိက အကျိုးအာနိသင်ကတော့ အစာကြေလွယ်တာပါဘဲ။ ဒါပေမယ့် သိပ် သတိမထားမိတဲ့ အကျိုးတစ်ခု ရှိပါတယ်။

အဲဒါကတော့ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံပင်မပေါက်ခြင်းတို့ကို ကာကွယ်ပေးတယ်၊ သက်သာပျောက်ကင်းစေပါတယ်။ ကင်မ်ချီဟာ မြန်မာတို့ရဲ့ ရိုးရာအစားအစာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုဆိုရင် မြန်မာနိုင်ငံမှာ ပေါပေါလောလော စားသုံးသူတွေ ရှိနေပါတယ်။

Dankook University တက္ကသိုလ် သုတေသနအဖွဲ့တွေရဲ့ လေ့လာတွေ့ရှိချက်အရ လူ(၂၃)ဦီးကို လေ့လာခဲ့ရာမှာ ထူးခြားချက်တွေ့ရျိခဲ့ပါတယ်။ အဲဒါကတော့ သူတို့ကို ကင်မ်ချီအရည် သောက်သုံးခိုင်းတာပါ။ ဒီလူ (၂၃)ဦးမှာ တစ်ချို့က ဆံပင်အလွန်ကျဲပါးသူတွေဖြစ်ပြီး၊ တစ်ချို့က ထိပ်ပြောင်ခေါင်းပြောင်တွေ ဖြစ်ပါတယ်။

သူတို့အတွက် ညွှန်ကြားချက်ကတော့ မနက်စာမစားမီ ကင်ချီအရည်ကို သောက်ခိုင်းတာဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်အရကတော့ (၄)လအတွင်းမှာ ဆံပင် 85 per sq cm သာရှိတဲ့ အမျိုးသားဟာ 92 hairs per sq cm အထိ တိုးတက်လာတာကို တွေ့ရပါတယ်။

The World Journal of Men’s Health မှာ ဖော်ပြထားတဲ့ ဆောင်းပါးမှာလည်း ဆံပင်ပေါက်ဆေးတွေ သုံးနေမယ့်အစား၊ ကင်မ်ချီက ပိုပြီးထိရောက်သလို၊ ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘူးလို့ ထောက်ခံခဲ့ပါတယ်။ ကဲ ထိပ်ပြောင်နေတဲ့ ကိုကိုမမတွေ၊ ဆံပင်ကျဲပါးလွန်းတဲ့ ဘော်ဒါတွေအတွက် ဆေးကောင်းတစ်လက် ရပြီဗျာ။

လင်းဇော်ကို

ပြည်တွင်းမီဒီယာများမှ ကူးယူထားသော သတင်းမဟုတ်ပါ။ D Nae Khit Media ၏ ပင်တိုင်ဆောင်းပါးရှင် “လင်းဇော်ကို”မှ DailyMail တွင် ဖော်ပြထားသောဆောင်းပါးကို ကိုးကားထားခြင်းဖြစ်ပါသည်။