အမေစုနဲ့ တူတယ်ဆိုပြီး လူမှုကွန်ယက်ပေါ်မှာ နေ့ချင်းညချင်းနာမည်ကြီးလာတဲ့ တိုင်းရင်းသူလေး

ပရိသတ်ကြီးရေ ၊ လက်ရှိမှာ လူမှုကွန်ရက်ပေါ်မှာ နာမည် ကြီးနေတာကတော့ အမေစုနဲ့ အင်မတန်တူတယ် ဆိုတဲ့ ညီမငယ်လေးဖြစ်ပါတယ် ။ လူမှုကွန်ရက် အသုံးပြုသူတွေတော်တော်များများ ကလည်း ထောက်ခံထားကြပါတယ်။

ညီမငယ်လေး နာမည် က Lacham Ze Nawဖြစ်ပြီး တိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပါတယ် ။ ဝိုင်းမော်မှာနေထိုင်တဲ့ လဝေါ်တိုင်းရင်းသူဆရာမလေး ကတော့ လက်ရှိမှာကတော့ အသက် (၂၁)နှစ်ပဲရှိသေးတာပါ ။ အပျော်သဘောနဲ့ Tik Tokဆော့ရာက လူမှုကွန်ရက်ပေါ် နေ့ချင်းညချင်း နာမည်ကြီးလာတာလည်း ဖြစ်ပါတယ်။

အမေစုရဲ့ လက်ရှိပုံကို Face App နဲ့ ပြင်ထားတဲ့ပုံတွေဟာ ညီမလေးLacham Ze Naw ရဲ့ ပုံလေးတွေနဲ့ ချွတ်စွပ်နီးပါးတူနေတာပါ ။ ညီမလေး Lacham Ze Naw ကတော့ Liveလွှင့်ပြီး ပရိသတ်တွေနဲ့ စကားပြောခဲ့ပါတယ်။ ပရိသတ်တွေကလည်း အမေစုနဲ့ အင်မတန် တူတယ်ဆိုပြီး မှတ်ချက်တွေပေးခဲ့ကြတာပါ ။ အမေစုနဲက တူလားမတူလား မှတ်ချက်ပေးခဲ့ကြပါဦး ။

Credit to original writer