ရည်စားရှာပေးမယ့် “ချိန်းတွေ့ ၀န်ဆောင်မှု” ကို FACEBOOK မှာ မိတ်ဆက်လိုက်တဲ့ မက် ဇူကာဘတ်

ကဲ…FAတို့၊ အပျိုကြီးတို့၊ လူပျိုကြီးတို့အတွက် သတင်းကောင်းလေးတစ်ခု သယ်ဆောင်လာပါပြီ။ အဲဒါကတော့ လူသုံးအများဆုံး လူမှုကွန်ရက် ဖြစ်တဲ့ Facebook မှာ ရည်စားရှာပေးနိုင်မယ့် “ချိန်းတွေ့ ၀န်ဆောင်မှု” ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

တစ်ခုတော့… ရှိတယ်၊ မြန်မာနိုင်ငံမှာတော့ မရသေးပါဘူး။ ဒါပေမဲ့ မကြာခင်မှာ ရနိုင်တဲ့ အခြေအနေလည်း ရှိတာမို့ စိတ်ရှည်သည်းခံစောင့်ဆိုင်းကြာဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ယခုလ စက်တင်ဘာလ (၅) ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၈း၃၀) အချိန်မှာ Facebook တည်ထောင်သူ၊ ပိုင်ရှင် မက် ဇူကာဘတ် (Mark Zuckerberg) က “ချိန်းတွေ့ ၀န်ဆောင်မှု” ကို မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သူ့ရဲ့ Facebook အကောင့်ကနေ အသိပေးခဲ့ပါတယ်။

အသေးစိတ်ကို သိချင်ရင်တော့ Mark Zukerberg ရဲ့ Facebook အကောင့်မှာ လက်ရှိ တင်ထားဆဲ ဖြစ်ပြီး အသေးစိတ်ကို ကိုယ်တိုင် သွားဖတ်နိုင်ပါတယ်။ဇူကာဘတ်က ယနေ့ စက်တင်ဘာလ (၅) ရက်နေ့က စပြီး ချိန်းတွေ့ ၀န်ဆောင်မှုကို အမေရိကန်နိုင်ငံမှာ စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း၊

လက်ရှိမှာ ချိန်းတွေ့ ၀န်ဆောင်မှုကို နိုင်ငံ (၂၀) အထိ အသုံးပြုလို့ ရအောင် ပြုလုပ် ထားပြီ ဖြစ်ကြောင်း၊ မကြာခင် အသုံးပြုလို့ ရမှာ ဖြစ်ကြောင်း ရေးခဲ့ပါတယ်။ ကံကောင်းရင် နိုင်ငံ (၂၀) ထဲမှာ မြန်မာနိုင်ငံလည်း ပါနိုင်သလို၊ ကံဆိုးရင်တော့ နိုင်ငံ (၂၀) ထဲမှာ မြန်မာနိုင်ငံ မပါနိုင်တာ ဖြစ်ပါတယ်။

ဘယ်လောက်ထိတောင် မိုက်သလဲ ဆိုရင်တော့… ချိန်းတွေ့ ၀န်ဆောင်မှုကို အသုံးပြုလို့ တစ်ဦး တစ်ယောက်နဲ့ ချိန်းတွေ့ချင် တယ်ဆိုရင် Facebook က Friend ဖြစ်ပြီးသား သူတွေနဲ့ ချိန်းတွေ့စေမှာ မဟုတ်ဘဲ သူစိမ်းတစ်ယောက်နဲ့ ချိန်းတွေ့စေမှာ ဖြစ်ပါတယ်။ နောက်ထပ် ပိုမိုက်သေးတာက ချိန်းတွေ့ လိုက်ပြီဆိုရင် ချိန်းတွေ့တဲ့ အကြောင်းကို Facebook က ဖော်ပြမှာ မဟုတ်တာကြောင့် ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူးတဲ့ဗျား။

Ref: Mark Zuckerberg

Ko Khant ( D Nae Khit Media )