ဗစ်တိုးရီးယား လေးကို အမှီပြု လုပ်စားရတော့မယ် လို့ တရားဝင် ဝန်ခံလိုက်တဲ့ ဦးသက္ကမိုးညို

လက်ရှိ မှာ ဗစ်တိုးရီးယားလေး ဘက်ကနေ ကူညီဆောင်ရွက်ပေးနေသူတွေ ထဲမှာ ဦးသက္ကမိုးညိုလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။

ဦးသက္ကမိုးညို တစ်ယောက် ဗစ်တိုးရီးယား အမှီပြု လုပ်စားနေရပါပြီ လို့တရားဝင် ဝန်ခံလိုက်ပါတယ်။ ဦးသက္ကမိုးညို က” ပြောစရာ ရှိတာ ရှင်းအောင် ပြောရပါမယ်။ ကျွန်တော် အရင်ကတည်းက social influencer လုပ်ပါတယ်။

အခုမှ လာအပ်ထားသူတွေ သိကြမှာ မဟုတ်လို့ ပြောပြတာပါ။ဒုညွှန်တယောက်အနေနဲ့ လစာ သုံးသိန်းခွဲ ရပါတယ်။ လစာနဲ့ မလောက်ပါ။ အပြင်ဆေးခန်းလည်း မဖွင့်ပါ။

ဒီတော့ လစာအပြင် နောက်ထပ် တလကို ငါးသိန်းလောက် ရှာရပါတယ်။ ဒီလို ရှာဖို့ Documents တွေကို အင်္ဂလိပ်ကနေ မြန်မာကို ဘာသာပြန်ပါတယ်။ နောက် ကွန်တက်တွေ ရေးပါတယ်။ ကြော်ငြာရေးပါတယ်။

ဆောင်းပါးရေးပါတယ်။ အခု ဗစ်တိုးရီးယားလေး အမှုကို ကူညီတဲ့အချိန်မှာ တခုမှ မလုပ်ဖြစ်ပါ။ ဘာသာပြန်တာ အချိန်ပေးရပါတယ်။ ဒါကြောင့် မလုပ်နိုင်ပါ။ မလုပ်နိုင်တော့ ချွေတာရပါတယ်။

မိန်းမကို အားနာရပါတယ်။ ဒီတော့ နောက် သုံးလလောက် ဗစ်တိုးရီးယား အမှုကို ဆက်ကူဖို့ တလ ငါးသိန်းလောက် ရှာဖို့ လိုပါတယ်။ ဘာသာပြန်ဖို့တော့ အချိန်မပေးနိုင်ပါ။ အလကားလည်း အလှူမခံပါ။

တန်ရာတန်ကြေး ပြန်ပေးဖို့ တွေးပါတယ်။ဒီတော့ ကျွန်တော်တွေးတာ cover photo မှာ ကြော်ငြာ ထည့်ပေးနိုင်ပါတယ်။ နောက် တချို့ အကြောင်းအရာတွေ Talk show ပြောပေးနိုင်ပါတယ်။

နောက် ကြေငြာပို့စ်တွေ ရေးပေးနိုင်ပါတယ်။ အများကြီး မလိုပါ။ နောက် သုံးလစာ ရရင် တော်ပြီ။ ဗစ်တိုးရီးယား အမှီပြု လုပ်စားတာလား မေးရင် အင်း၊ ဒီလို လုပ်စားမှ ကူလို့ရမယ့် အနေအထားရောက်သွားပြီပဲ ဖြေရမှာပါ။

ဒီပို့စ်က မသင့်တော်ဘူးထင်ရင် ပြန်ဖျက်ပါ့မယ်။ ” ဆိုပြီးလူမှုကွန်ရက်ကနေရေးသားခဲ့တာပါ။ ကဲ တရားစီရင်တဲ့အချိန် ကြာလာတာနဲ့အမျှ

အခုလို ငွေကုန်လူပန်း ဖြစ်လာတတ်တာ မြန်မာနိုင်ငံရဲ့ ထုံးစံလိုဖြစ်နေပါပြီ။ ကဲ ပရိသတ်ကြီးရေ ဦးသက္ကမိုးညိုအတွက် မှတ်ချက်ကနေ အားပေးစကားပြောခဲ့ပါဦးနော်။

ခရက်ဒစ် သက္ကမိုးညို