သာဝန် ကိုယ်တိုင်ဖုန်းဆက် ပြီး ကိုယ်တိုင်တောင်းပန်တာ ခံလိုက်ရတဲ့ ဒေါက်တာမြဝတ်ရည်

ပရိသတ် ကြီးရေ အားလုံးက ချစ်ကြတဲ့ ဖိုက်တာ ဆရာမလေး ဒေါက်တာမြဝတ်ရည် ကတော့ မှန်ရာကို တရားနည်းလမ်းကျကျ ဆောင်ရွက်တတ်သူ တစ်ယောက်ဖြစ်ပါတယ်။

မကြာသေးခင်က သာသနာရေးဝန်ကြီး သမီး မနှင်းစံပယ်အောင် ရဲ့ အွန်လိုင်း စာစု တစ်ခုအပေါ် မမမြက ရာဇသံပေးခဲ့တာပါ။

ဒီနေ့မှာတော့ မမမြ တစ်ယောက် နောက်ဆက်တွဲ ဖြစ်ရပ်တစ်ခုကို လူမှုကွန်ရက်ပေါ်ကနေ ပြောပြလာခဲ့ပါတယ်။ မမမြ က “ မနေ့ကမှ

Royal Express နဲ့ ပို့လိုက်တယ် ဒီနေ့ ဖုန်းဆက်လာတယ် ဒီဘက်ခေတ်မှာ မြန်သားပဲ ဒါပေမယ့်ပေါ့လေ ၂ ရက်တော့ ကုန်သွားပါပြီနော် အသံတွေ video တွေ ရိုက်ထားကြောင်း

အသိပေးလိုက်တဲ့ အပြင် ဒါလေးတွေကို သိမ်းထားမှာ ဖြစ်ကြောင်းနဲ့ ကြားလူကတဆင့် တောင်းပန်တာထက် ကာယကံရှင် post တင်တဲ့သူ ကိုယ်တ်ုင် ဘာလုပ်သင့်တယ်ဆိုတာလေး ဝန်ကြီးဆီ စကားလက်ဆောင် ပါးပေးလိုက်ပါတယ်

တိုင်စာကို ချက်ချင်း အလေးထားဆောင်ရွက်ပေးတဲ့ ဝန်ကြီးကိုလည်း လေးစားပါတယ် ဖုန်းဆက်ပေးပြီး မဆိုင်တာတွေ လုပ်ပေးရတဲ့ လူတွေကိုလည်း အားနာပါတယ်”ဆိုပြီးရေးသားဖော်ပြခဲ့တာပါ။

သာသနာရေးဝန်ကြီး ကိုယ်တိုင် တကူးတက တောင်းပန်ရတဲ့အထိ မမမြရဲ့ သြဇာဘုန်းတန်းခိုးတွေဟာ တက်ပြီးရင်းတက်ဖြစ်နေသလားပါပဲ။ ပရိသတ်ကြီးလည်း မမမြ အတွက် မှတ်ချက်ကနေတစ်ခုခုပြောပေးခဲ့ကြပါဦး။

Credit to အသုတ်စုံ