ပြည်သူတွေအထင်အမြင်လွှဲမှားဖို့ NLD ပါတီပစ္စည်းတွေအသုံးပြုပြီး ဗုံးထောင် ပြီးနောက် စစ်‌ခွေးတွေလာရောက်ရှင်းလင်း

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအလံတွေ၊ ဦးထုပ်၊အင်္ကျီနဲ့ ပစ္စည်းတချို့အသုံးပြုပြီး ဗုံးထောင်ပြီးနောက် စစ်ကောင်စီအဖွဲ့က လာရောက်ရှင်းလင်းခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

” ပြည်သူတွေမကောင်းမြင်အောင် ပါတီအသုံးအဆောင်တွေ သုံးပြီး လမ်းလည်မှာ ဗုံးလာထောင်တယ်၊ ပါတီပုံရိပ်ကျဆင်းအောင်လုပ်တဲ့သဘောပဲ၊ မပေါက်ကွဲတော့ သူတို့ကိုယ်တိုင်လာရှင်းသွားတယ်၊ အဖြေကရှင်းရှင်းလေးပါ” လို့မန္တလေးမြို့ခံ NLD ပါတီဝင်တစ်ဦးက ပြောပါတယ်။

” (၆၂)လမ်း၊ (၄၃) လမ်းနဲ့ သိပ္ပံလမ်း လမ်းလယ်ကျွန်းမှာထောင်ထားတာ၊ မြို့လည်မှာဘယ်သူမှလာမထောင်ဘူး၊ သူ့ဟာသူထောင် သူ့ဟာသူရှင်း၊ လမ်းပိတ်ပြီး သူတိုလာရှင်းတဲ့ပုံစံလာလုပ်သွားတာ” လို့အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗုံးလို့ယူဆရတဲ့ အထုပ်တစ်ထုပ်တွေ့လို့ မိုင်းရှင်းလင်းရေးအဖွဲ့က လာရောက်ရှင်းလင်းချိန် အဲ့ဒီအထုပ်အတွင်းက PVC (၂ ×၇) လက်မပိုက်ဖြင့် ပြုလုပ်ထားတဲ့ လက်လုပ်ဗုံး(၁)လုံး၊

NLD တံဆိပ်ပါလွယ်အိပ် (၄)လုံး၊ NLD တံဆိပ်ပါအင်္ကျီ (၂၇)ထည်၊ NLD တံဆိပ်ပါဦးထုပ်(၂)လုံး၊ ခ မောက်(၁)လုံး၊

အမျိုးသားဒီမိုကရေစီအဖွဲချုပ်စာသားပါ စတစ်ကာ(၁၀)ရွက် ကိုတွေ့ရှိခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

#C8News #Beebox #Mandalay #မန္တလေး #မဟာအောင်မြေ

Zawgyi

ျပည္သူေတြအထင္အျမင္လႊဲမွားဖို႔ NLD ပါတီပစၥည္းေတြအသုံးျပဳၿပီး ဗုံးေထာင္ ၿပီးေနာက္ စစ္‌ေခြးေတြလာေရာက္႐ွင္းလင္း

ဇန္နဝါရီ ၁၁ ရက္

မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္ မွာအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီအလံေတြ၊ ဦးထုပ္၊အက်ႌနဲ႔ ပစၥည္းတခ်ိဳ႕အသုံးျပဳၿပီး ဗုံးေထာင္ၿပီးေနာက္ စစ္ေကာင္စီအဖြဲ႕က လာေရာက္႐ွင္းလင္းခဲ့တယ္လို႔ ေဒသခံျပည္သူေတြဆီက သိရပါတယ္။

” ျပည္သူေတြမေကာင္းျမင္ေအာင္ ပါတီအသုံးအေဆာင္ေတြ သုံးၿပီး လမ္းလည္မွာ ဗုံးလာေထာင္တယ္၊ ပါတီပုံရိပ္က်ဆင္းေအာင္လုပ္တဲ့သေဘာပဲ၊ မေပါက္ကြဲေတာ့ သူတို႔ကိုယ္တိုင္လာ႐ွင္းသြားတယ္၊ အေျဖက႐ွင္း႐ွင္းေလးပါ” လို႔မႏၲေလးၿမိဳ႕ခံ NLD ပါတီဝင္တစ္ဦးက ေျပာပါတယ္။

” (၆၂)လမ္း၊ (၄၃) လမ္းနဲ႔ သိပၸံလမ္း လမ္းလယ္ကြၽန္းမွာေထာင္ထားတာ၊ ၿမိဳ႕လည္မွာဘယ္သူမွလာမေထာင္ဘူး၊ သူ႕ဟာသူေထာင္ သူ႕ဟာသူ႐ွင္း၊ လမ္းပိတ္ၿပီး သူတိုလာ႐ွင္းတဲ့ပုံစံလာလုပ္သြားတာ” လို႔အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက ေျပာပါတယ္။

ဗုံးလို႔ယူဆရတဲ့ အထုပ္တစ္ထုပ္ေတြ႕လို႔ မိုင္း႐ွင္းလင္းေရးအဖြဲ႕က လာေရာက္႐ွင္းလင္းခ်ိန္ အဲ့ဒီအထုပ္အတြင္းက PVC (၂ ×၇) လက္မပိုက္ျဖင့္ ျပဳလုပ္ထားတဲ့ လက္လုပ္ဗုံး(၁)လုံး၊

NLD တံဆိပ္ပါလြယ္အိပ္ (၄)လုံး၊ NLD တံဆိပ္ပါအက်ႌ (၂၇)ထည္၊ NLD တံဆိပ္ပါဦးထုပ္(၂)လုံး၊ ခ ေမာက္(၁)လုံး၊

အမ်ိဳးသားဒီမိုကေရစီအဖြဲခ်ဳပ္စာသားပါ စတစ္ကာ(၁၀)႐ြက္ ကိုေတြ႕႐ွိခဲ့တယ္လို႔ မႏၲေလးတိုင္းရဲတပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။

#C8News #Beebox #Mandalay #မႏၲေလး #မဟာေအာင္ေျမ