အာဆီယံအစည်းအဝေးအထမမြောက်အောင်ရည်ရွယ်သည့်အဖွဲ့ဝင်နိုင်ငံဝန်ကြီးများ၏အပြုအမှုသည် သူရဲဘောကြောင်သည့်လုပ်ရပ်ဟု ဝဏ္ဏမောင်လွင်မှ ပြောဆို

အာဆီယံဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားက တာဝန်ယူပြီး ပထမဆုံးကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဟာ အာဏာသိမ်းစစ်ကောင်စီကို ဖိတ်ကြားတဲ့အတွက် ရွှေ့ဆိုင်းလိုက်ရတယ်လို့သိရပါတယ်။

ဟွန်ဆန်ဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး နောက် ကမ္ဘောဒီးယားနိုင်ငံ ရဲ့ အပန်းဖြေမြို့ ဆီယမ်ရိမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇန်နဝါရီလ ၁၈ ရက်နဲ့ ၁၉ ရက်မှာကျင်းပဖို့ စီစဉ်ထားတာပါ။

ဒီအစည်းအဝေးကို အွန်လိုင်းကမဟုတ်ဘဲ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကိုယ်တိုင် တက်ရောက်ဖို့ စီစဉ်ထားတာဖြစ်ပြီး ဟွန်ဆန်က အာဏာသိမ်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားထားတာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အာဆီယံနိုင်ငံ တွေရဲ့နိုင်ငံခြားရေးဝန်ကြီးအတော်များများဟာ လူကိုယ်တိုင်လာရောက်ဖို့ အခက်အခဲတွေရှိတယ်လို့ပြောလာတာကြောင့် အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ရတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက မီဒီယာတွေကို ပြောခဲ့ပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကဆို နိုင်ငံအတွင်း မကြာခင်က ရေကြီးရေလျှံမှုကြောင့် ပါလီမန်အစည်းအဝေးအရေးတကြီး တက်ရောက်ရမှာမို့ ကမ္ဘောဒီယားမှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုမလာရောက်နိုင်တဲ့အကြောင်း ဆိုခဲ့တယ်လို့ သိရပါတယ်။

သံတမန်ရေးရာ လေ့လာသူတွေကတော့ မြန်မာစစ်ကောင်စီ ကိုဖိတ်ကြားထားတဲ့ ကမ္ဘောဒီးယား ကမကထ ကျင်းပမယ့် အစည်းအဝေးကို ရှောင်လွဲချင်တာကြောင့် အာဆီယံဒေသတွင်းနိုင်ငံအများစုဟာ အကြောင်းပြချက်ပေးတာလို့ သုံးသပ်ကြပါတယ်။

Zawgyi

အာဆီယံဥကၠ႒အျဖစ္ ကေမာၻဒီးယားက တာဝန္ယူၿပီး ပထမဆုံးက်င္းပမယ့္ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးဟာ အာဏာသိမ္းစစ္ေကာင္စီကို ဖိတ္ၾကားတဲ့အတြက္ ေ႐ႊ႕ဆိုင္းလိုက္ရတယ္လို႔သိရပါတယ္။

ဟြန္ဆန္ဟာ အာဆီယံ အလွည့္က် ဥကၠ႒ အျဖစ္ တာဝန္ယူၿပီး ေနာက္ ကေမာၻဒီးယားႏိုင္ငံ ရဲ႕ အပန္းေျဖၿမိဳ႕ ဆီယမ္ရိမွာ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကို ဇန္နဝါရီလ ၁၈ ရက္နဲ႔ ၁၉ ရက္မွာက်င္းပဖို႔ စီစဥ္ထားတာပါ။

ဒီအစည္းအေဝးကို အြန္လိုင္းကမဟုတ္ဘဲ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားကိုယ္တိုင္ တက္ေရာက္ဖို႔ စီစဥ္ထားတာျဖစ္ၿပီး ဟြန္ဆန္က အာဏာသိမ္း စစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီး ကိုလည္း တက္ေရာက္ဖို႔ ဖိတ္ၾကားထားတာျဖစ္ပါတယ္။

အဲဒီေနာက္မွာေတာ့ အာဆီယံႏိုင္ငံ ေတြရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးအေတာ္မ်ားမ်ားဟာ လူကိုယ္တိုင္လာေရာက္ဖို႔ အခက္အခဲေတြရွိတယ္လို႔ေျပာလာတာေၾကာင့္ အစည္းအေဝးကို ေ႐ႊ႕ဆိုင္းလိုက္ရတယ္လို႔ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီးက မီဒီယာေတြကို ေျပာခဲ့ပါတယ္။

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးကဆို ႏိုင္ငံအတြင္း မၾကာခင္က ေရႀကီးေရလွ်ံမႈေၾကာင့္ ပါလီမန္အစည္းအေဝးအေရးတႀကီး တက္ေရာက္ရမွာမို႔ ကေမာၻဒီယားမွာက်င္းပမယ့္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးကိုမလာေရာက္ႏိုင္တဲ့အေၾကာင္း ဆိုခဲ့တယ္လို႔ သိရပါတယ္။

သံတမန္ေရးရာ ေလ့လာသူေတြကေတာ့ ျမန္မာစစ္ေကာင္စီ ကိုဖိတ္ၾကားထားတဲ့ ကေမာၻဒီးယား ကမကထ က်င္းပမယ့္ အစည္းအေဝးကို ေရွာင္လြဲခ်င္တာေၾကာင့္ အာဆီယံေဒသတြင္းႏိုင္ငံအမ်ားစုဟာ အေၾကာင္းျပခ်က္ေပးတာလို႔ သုံးသပ္ၾကပါတယ္။