ေတာ္လွန္ေရးဇတ္ကားရုိက္ေနတာ မဟုတ္ဘူူး အခက္အခဲေတာ့ရွိွမွာပဲ ( ဗုိလ္နဂါး )

ပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာ တစ်စုံတစ်ယောက်တည်းကို အားမကိုးပဲနိုင်တဲ့ဘက်က ပါဝင်ဖို့ ဗိုလ်နဂါး ပြော

ပြည်သူတွေအနေနဲ့ လူတိုင်း စိတ်ဓါတ်အင်အား၊ ရုပ်အင်အားပြည့်ဝအောင် ကြိုးစားဖြည့်ဆည်းပြီး တော်လှန်ရေး ကိုဦးဆောင်နိုင်တယ်လို့ ဗိုလ်နဂါးကပြောပါတယ်။

“ ကျွန်တော်ကလူသားတစ်ဦးဆိုတော့ တိုက်ပွဲထဲကနေ အချိန်မရွေးမပါနိုင်တော့ဘူးဆိုတဲ့ အခြေအနေကို ကြုံရနိုင်တယ်။ ဒါကြောင့် ကျွန်တော့် ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို အားကိုးမနေပဲနဲ့ တော်လှန်ရေးမှာ စိတ်ဓါတ်အင်အားဖြည့်တင်း၊ ရုပ်အားကို ဖြည့်တင်းပြီး တော်လှန်တိုက်ခိုက်လို့ရတယ်။ ကျွန်တော်လည်း အရင်က အညတရတစ်ယောက်ပဲ၊ ဒီအခြေအနေ ရောက်အောင်ကျိုးစားခဲ့တယ်” လို့ပြောပါတယ်။

စစ်ကောင်စီဘက်က ဗိုလ်နဂါးကို ဖမ်းမိတယ်လို့ ကောလဟာလလွှင့်ထုတ်နေပေမဲ့ အခုအချိန်အထိတော့ ဖမ်းမိ တယ်ဆိုတာ သတင်းမှားသာဖြစ်ပါတယ်။

“ ကျွန်တော့်ကို စစ်ကောင်စီက သူတို့ပစ်မှတ်ထားတဲ့ ရန်သူဖြစ်နေတဲ့အတွက် ဒီရန်သူနဲ့ သူတို့ရဲ့ လုပ်ထုံးလုပ် နည်းအတိုင်း သတင်းနဲ့ပဲဖြစ်ဖြစ်၊ စစ်ရေးနဲ့ပဲဖြစ်ဖြစ် နည်းမျိုးစုံနဲ့ ဆိုက်ဝါးတွေသုံးပြီးတော့ တိုက်ခိုက်တာ၊ ချည်းကပ်တွေလုပ်မှာပဲ၊ သူတို့ဘက်က လုပ်လို့ရတာအကုန်လုပ်မှာပဲ” လို့ပြောပါတယ်။

ပုလဲမြို့နယ်အတွင်း တိုက်ပွဲအများစုကို ဦးဆောင်ကာ အနိုင်တိုက်နိုင်တဲ့ ဗိုလ်နဂါးကို စစ်ကောင်စီတပ်ဖွဲ့ဘက်က သတင်းမှားအမျိုးမျိုးသုံးပြီး စိတ်ဓါတ်စစ်ဆင်ရေး ဆင်နွဲနေတာလည်းဖြစ်ပါတယ်။

Zawgyi

ျပည္သူေတြအေနနဲ႔ ေတာ္လွန္ေရးမွာ တစ္စုံတစ္ေယာက္တည္းကို အားမကိုးပဲႏိုင္တဲ့ဘက္က ပါဝင္ဖို႔ ဗိုလ္နဂါး ေျပာ

ျပည္သူေတြအေနနဲ႔ လူတိုင္း စိတ္ဓါတ္အင္အား၊ ႐ုပ္အင္အားျပည့္ဝေအာင္ ႀကိဳးစားျဖည့္ဆည္းၿပီး ေတာ္လွန္ေရး ကိုဦးေဆာင္ႏိုင္တယ္လို႔ ဗိုလ္နဂါးကေျပာပါတယ္။

“ ကြၽန္ေတာ္ကလူသားတစ္ဦးဆိုေတာ့ တိုက္ပြဲထဲကေန အခ်ိန္မေ႐ြးမပါႏိုင္ေတာ့ဘူးဆိုတဲ့ အေျခအေနကို ႀကဳံရႏိုင္တယ္။ ဒါေၾကာင့္ ကြၽန္ေတာ့္ ဒါမွမဟုတ္ တစ္စုံတစ္ေယာက္ကို အားကိုးမေနပဲနဲ႔ ေတာ္လွန္ေရးမွာ စိတ္ဓါတ္အင္အားျဖည့္တင္း၊ ႐ုပ္အားကို ျဖည့္တင္းၿပီး ေတာ္လွန္တိုက္ခိုက္လို႔ရတယ္။ ကြၽန္ေတာ္လည္း အရင္က အညတရတစ္ေယာက္ပဲ၊ ဒီအေျခအေန ေရာက္ေအာင္က်ိဳးစားခဲ့တယ္” လို႔ေျပာပါတယ္။

စစ္ေကာင္စီဘက္က ဗိုလ္နဂါးကို ဖမ္းမိတယ္လို႔ ေကာလဟာလလႊင့္ထုတ္ေနေပမဲ့ အခုအခ်ိန္အထိေတာ့ ဖမ္းမိ တယ္ဆိုတာ သတင္းမွားသာျဖစ္ပါတယ္။

“ ကြၽန္ေတာ့္ကို စစ္ေကာင္စီက သူတို႔ပစ္မွတ္ထားတဲ့ ရန္သူျဖစ္ေနတဲ့အတြက္ ဒီရန္သူနဲ႔ သူတို႔ရဲ႕ လုပ္ထုံးလုပ္ နည္းအတိုင္း သတင္းနဲ႔ပဲျဖစ္ျဖစ္၊ စစ္ေရးနဲ႔ပဲျဖစ္ျဖစ္ နည္းမ်ိဳးစုံနဲ႔ ဆိုက္ဝါးေတြသုံးၿပီးေတာ့ တိုက္ခိုက္တာ၊ ခ်ည္းကပ္ေတြလုပ္မွာပဲ၊ သူတို႔ဘက္က လုပ္လို႔ရတာအကုန္လုပ္မွာပဲ” လို႔ေျပာပါတယ္။

ပုလဲၿမိဳ႕နယ္အတြင္း တိုက္ပြဲအမ်ားစုကို ဦးေဆာင္ကာ အႏိုင္တိုက္ႏိုင္တဲ့ ဗိုလ္နဂါးကို စစ္ေကာင္စီတပ္ဖြဲ႕ဘက္က သတင္းမွားအမ်ိဳးမ်ိဳးသုံးၿပီး စိတ္ဓါတ္စစ္ဆင္ေရး ဆင္ႏြဲေနတာလည္းျဖစ္ပါတယ္။