နိုင်ငံတော်၏ အာဏာကို သိမ်းယူခြင်းမဟုတ်ဘဲ ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာမှုရှိစေရေး ထိန်းသိမ်းဆောင်ရွက် နေခြင်းသာဖြစ်ကြောင်း မအလ ပြောကြား

မိမိတို့အနေဖြင့် နိုင်ငံတော်၏ အာဏာကို သိမ်းယူခြင်းမဟုတ်ဘဲ ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာမှုရှိစေရေး ထိန်း သိမ်းဆောင်ရွက်နေခြင်းသာဖြစ်သဖြင့် နိုင်ငံတော်၏ တည်ဆဲဥပဒေဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အတိုင်းသာ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း န-စ-က ဥက္ကဋ္ဌက ပြောသည်။

ဇန်နဝါရီ ၁၃ ရက်နေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

မိမိတို့အနေဖြင့် နိုင်ငံတော်၏ အာဏာကို သိမ်းယူခြင်းမဟုတ်ဘဲ ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာမှုရှိစေရေး ထိန်း သိမ်းဆောင်ရွက်နေခြင်းသာဖြစ်သဖြင့် နိုင်ငံတော်၏ တည်ဆဲဥပဒေဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အတိုင်းသာ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းရာတွင် တပ်ဘက်၊ အရပ်ဘက် မျှတအောင်ဖွဲ့စည်းခဲ့ပြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် အုပ်ချုပ်ရေးကောင်စီများ ဖွဲ့စည်းရာတွင် အရပ်သားများဖြင့် အရပ်ဘက်အုပ်ချုပ်ရေးကိုသာ ဆက်လက် ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌကပြောသည်။

ဆက်လက်ပြီး န-စ-ကဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် ၉ ရပ်ချမှတ်၍ နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းလုပ် ဆောင်လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် ပါဝင်သည့် ပထမအချက်ဖြစ်သော ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းများအပါအဝင် လုပ်ဆောင်သင့် လုပ် ဆောင်ထိုက်သည်များကို ဥပဒေနှင့် ဆက်လက်လုပ်ဆောင်မည်ဆိုသည့်အတိုင်း မဲစာရင်းမှားယွင်းမှုများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

Zawgyi

မိမိတို႔အေနျဖင့္ ႏိုင္ငံေတာ္၏ အာဏာကို သိမ္းယူျခင္းမဟုတ္ဘဲ ပါတီစုံ ဒီမိုကေရစီစနစ္ခိုင္မာမႈရွိေစေရး ထိန္း သိမ္းေဆာင္႐ြက္ေနျခင္းသာျဖစ္သျဖင့္ ႏိုင္ငံေတာ္၏ တည္ဆဲဥပေဒျဖစ္သည့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)အတိုင္းသာ ဆက္လက္လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း န-စ-က ဥကၠ႒က ေျပာသည္။

ဇန္နဝါရီ ၁၃ ရက္ေန႔၌ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္း ေအာင္လႈိင္သည္ တနသၤာရီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္မ်ားႏွင့္ ခ႐ိုင္၊ ၿမိဳ႕နယ္ အဆင့္ဌာနဆိုင္ရာမ်ားႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ေတြ႕ဆုံစဥ္ အထက္ပါအတိုင္း ေျပာဆိုခဲ့ျခင္းျဖစ္သည္။

မိမိတို႔အေနျဖင့္ ႏိုင္ငံေတာ္၏ အာဏာကို သိမ္းယူျခင္းမဟုတ္ဘဲ ပါတီစုံ ဒီမိုကေရစီစနစ္ခိုင္မာမႈရွိေစေရး ထိန္း သိမ္းေဆာင္႐ြက္ေနျခင္းသာျဖစ္သျဖင့္ ႏိုင္ငံေတာ္၏ တည္ဆဲဥပေဒျဖစ္သည့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)အတိုင္းသာ ဆက္လက္လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို ဖြဲ႕စည္းရာတြင္ တပ္ဘက္၊ အရပ္ဘက္ မွ်တေအာင္ဖြဲ႕စည္းခဲ့ၿပီး အစိုးရအဖြဲ႕၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အဆင့္ အုပ္ခ်ဳပ္ေရးေကာင္စီမ်ား ဖြဲ႕စည္းရာတြင္ အရပ္သားမ်ားျဖင့္ အရပ္ဘက္အုပ္ခ်ဳပ္ေရးကိုသာ ဆက္လက္ ေဆာင္႐ြက္ေစခဲ့ျခင္းျဖစ္ေၾကာင္း န-စ-ကဥကၠ႒ကေျပာသည္။

ဆက္လက္ၿပီး န-စ-ကဥကၠ႒က ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္၊ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး ဦးတည္ခ်က္ ၉ ရပ္ခ်မွတ္၍ ႏိုင္ငံေတာ္ကို ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေစရန္ ႀကိဳးပမ္းလုပ္ ေဆာင္လ်က္ရွိေၾကာင္း၊ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္တြင္ ပါဝင္သည့္ ပထမအခ်က္ျဖစ္ေသာ ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္ကို ျပန္လည္ဖြဲ႕စည္းၿပီး မဲစာရင္းမ်ား စစ္ေဆးျခင္းမ်ားအပါအဝင္ လုပ္ေဆာင္သင့္ လုပ္ ေဆာင္ထိုက္သည္မ်ားကို ဥပေဒႏွင့္ ဆက္လက္လုပ္ေဆာင္မည္ဆိုသည့္အတိုင္း မဲစာရင္းမွားယြင္းမႈမ်ားႏွင့္ ပတ္သက္၍ ဥပေဒႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေျပာသည္။